Saturday, 6 August 2011

Gmail မှာ Exe ဖိုင် တွဲပို့နည်း

Gmail မှာ Exe ဖိုင်ကို attach လုပ်ပြီး ပို့မရတာ အားလုံးသိပြီးကြမှာပါ။ ဗိုင်းရပ်စ်တွေဟာ exe ဖိုင်တွေကနေ အများဆုံးဝင်နိုင်တာမို့ Google က ကန့်သတ်ထားခြင်းဖြစ်ပါတယ်။ ခက်တာကဗျာ..ကျွန်တော်တို့က ဘယ်ဗိုင်းရပ်စ် မှလည်း သူများဆီကို ပို့မှာမဟုတ်ဘူး။ ဟိုဟိုဒီဒီ ကောင်းနိုးကောင်းရာ Program လေးတွေကို သူငယ်ချင်းတွေဆီ attach လုပ်ပို့မယ်ဆိုတော့ ပြဿနာတက်ရော။ အဲဒါနဲ့ ကျွန်တော်လည်း ကလိန်ကကျစ်နည်းလေးတစ်ခုကို စတွေ့ပါတော့တယ်။ဟီးဟီး
ပထမဆုံး
ကိုယ်ပို့ချင်တဲ့ Exe ဖိုင်ကို File Extension ပြောင်းပေးရပါမယ်။ File extension ဆိုတာက ဖိုင်တစ်ဖိုင်ရဲ့ နာမည်နောက်မှာရှိတဲ့ letter သုံးလုံးကို ပြောတာပါ။ ဥပမာ File name က ultrasurf.jpg ဆိုရင် အဲဒီဖိုင်ရဲ့ Extension ဟာ jpg ဖြစ်ပါတယ်။ ultrasurf.exe ဆိုရင်တော့ သူ့ extension က exe ပေါ့။ Exe ဆိုတာက Executable ရဲ့အတိုကောက်ဖြစ်ပါတယ်။ အဲဒီတော့ ကိုယ်ပို့မယ့် exe ဖိုင်ကို တခြား extension ပြောင်းပါ။ ultrasurf.exe ဆိုရင် ultrasurf.abc လို့ပြောင်းလိုက်ပေါ့။ အဲဒါဆို အဲဒီဖိုင်ကို attach လုပ်လို့ ရသွားပါပြီ။ ကိုယ် မေးလ်ပို့တဲ့သူကိုတော့ မေးလ်ထဲမှာ Extension ကို ပြန်ပြောင်းပြီး ဖွင့်ပါလို့တော့ ရေးပေးရမှာပေါ့။
File extension ကို ပြောင်းလဲနည်းကတော့
၁။ သင့်ဖိုင်နာမည်ကို ကြည့်လိုက်ပါ။ File extension မပါဘူးဆိုရင် Tools> Folder Option ကိုသွားပြီး View tab ကိုနှိပ်ပါ။
၂။ ပြီးရင် Hide extensions for known file type ရှေ့က အမှန်ခြစ်ကို ဖြုတ်ပေးပါ။ OK နှိပ်ပါ။
၃။ File ကို rename လုပ်ပါ။ (a.exe ဆိုရင် a.abc ပေါ့) Enter ခေါက်ပြီး အတည်ပြုပေးလိုက်ပါ။
၎။ ပြီးသွားပါပြီ။ ကဲ ပို့ကြည့်လိုက်ပေါ့။


အဆင်ပြေကြပါစေ

Gtalk မှာ အရုပ်မျိုးစုံနဲ. ချက်ချင်ရင်တော့

My Theme.exe ပါ။ သူက ဂျီတော့ မှာ အရုပ်မျိုးစုံနဲ. ချက်လို.ရပါတယ်။
လုပ်ရမှာကတော့။ ဆော့ဝဲကို ဒေါင်းလော့လုပ်ပြီး ကလစ်နှစ်ချက်နှိပ်ပြီး Run ပေးပါ။ ပြီးရင် Gtalk Box ကိုဖွင့်ပြီး Settings ထဲကိုဝင်၊ ပြီးရင်
Appearance ထဲကို ထပ်ဝင်ပါ။ ညာဘက်ချမ်းမှာ Chat Theme ဘေးနားကမျှားလေးကို ဖွင့်ပြီး My Theme ဆိုတာကိုရွေးပေးပါ။ ပြီးရင်တော့ OK ပေါ့။ ပြီးရင် ဂျီတော့ Sign In ၀င်လို.ရသွားပါပြီ။ ပြီးရင် စမ်းသက်တဲ့ အနေနဲ.
သူငယ်ချင်းတစ်ယောက်ဆီကို :hi ဆိုပြီးစမ်းခေါ်ကြည့်ပါ။
ရေးရမယ့် Help ဖိုင်ကို လိုတာတို. Background ချိန်းချင်တာတို.ဆိုရင်တော့.၊
Start => Programs files => Dash => My Theme ရဲ့ အောက်မှာ ရှိပါတယ်။

လိုချင်ရင်တော့ ဒီမှာဒေါင်းလော့လုပ်ပါ။

G-Talk တွင် လှပဆန်းသစ်သော Smiley လေးများ ထည့်သွင်း ချက်ကြစို့ 

မသိသေးတဲ့သူတွေအတွက်ပါ ။

G-Talk နှင့် စာရိုက် ဆက်သွယ်ရာတွင် Smiley လေး ထည့်သုံးချင်ရင်
"Shift" သုံးပြီး " : " အရင်နှိပ်ပါ။ ထို.နောက် အောက်ပါ အညွှန်းမှ Eng:
စာလုံးလေးများ ဖြည့်စွက် ရိုက်ပေးပါက G-Talk တွင် လှပဆန်းသစ်သော
Smiley လေးများ ထည့်သွင်း ချက်နိုင်ကြပါသည်


အကြောင်းအရာဖေါ်ပြချက် ရိုက်ရန် မြန်မာလိုအဓိပ္ပါယ်သက်ရောက်မှူ
All the Best :atb (သိပ်ကောင်းတယ်)
Angel :angel (နတ်သမီးလေး)
Angry :angry (စိတ်ဆိုးတယ်)
Applause :clap (အားပေးပါတယ်)
Bath :bath (ရေချိုးနေတယ်)
Blushing :blush (မျက်နှာနီအောင်ရှက်တယ်)
Call me :callme (ဆက်သွယ်ပါ)
Cool :cool (အေးအေးဆေးဆေးပါ)
Crying :waa (ငိုနေတယ်)
Day Dreaming :dream (နေ.လည်ခင်းအိပ်မက်)
Dislike :naa (မကြိုက်ပါ)
Do Not Disturb :dnd (မနှောက်ယှက်ပါနှင့်)
Game :game (ကစားမယ်)
Ghoting :ghoting (စဉ်းစားနေတယ်)
Good Morning :gm (ကောင်းသောနံနက်ခင်းပါ)
Good night :gn (ကောင်းသောညပါ)
Heart :heart (အချစ်)
Hi :hi (နှုတ်ဆက်တယ်)
Hai :hai (နှုတ်ဆက်တယ်)
Hug :hug (ပွေ.ဖက်မယ်)
I am Mad :mad (ငါရူးတော့မယ်)
I love you :ilu (မင်းကိုချစ်တယ်)
I miss you :imu (မင်းကိုသတိယနေတယ်)
Idea :idea (အကြံရပြီ)
Kissing :kiss (နမ်းမယ်)
Laughing :ha (ရီရတယ်)
Laughing :haha (ဟားတိုက်ရီရတယ်)
Love struck :love (ချစ်ကြောင်းပြောမယ်)
Mess :mess (စားမယ်)
Movie :movie (တီးထည့်လိုက်ရမလား)
News :news (သတင်း)
No :no (မ_ဘူး)
Not talking :calm (မပြောဘူး)
Now :now (ယခု)
On Phone :call (Ph နှင့်ပြောမယ်)
Pray :pray (ဆုတောင်းနေတယ်)
Raised Eyebrow :cha (မျက်ခုံးတွန်.ပြီး နောက်ပြောင်)
Secret/Silent :shh (တိတ်တိတ်နေ)
Shut Up :shutup (ပါးစပ်ပိတ်ထားပါ)
Sleep :sleep (အိပ်နေတယ်)
Sleepy :zz (အိပ်ချင်ပြီ)
Smug :mm (မျက်ခုံးပင့်ပြီး နောက်ပြောင်ခြင်း)
Sorry :sry (၀မ်းနည်းပါတယ်)
Stop shouting :stop (နားပိတ်ထားတယ်)
Surprised :oh (အံသြတယ်)
Take care :tc (ဂရုစိုက်ပါ)
Thanks :thanx (ကျေးဇူးတင်ပါတယ်)
Wait :wait (ခဏစောင့်ပေးပါ)
Waving :bye (နှုတ်ဆက်ပါတယ်)
Worried :wor (စိတ်ပူနေတယ်)
Yahooooo :yahoo ( ရှာကြည့်ပါ)
Yes :yes (ကောင်းပါပြီ)

ထပ်ပြီးသိရှိခဲ့ရင်လည်း ထပ်တင်ပေးပါ့မယ်ဗျာ
အဆင်ပြေကြပါစေ

Sunday, 31 July 2011

အင်တာနက်ပေါ်တွင် ဓါတ်ပုံတွေကို ပြင်မယ်ဆိုရင် အောက်ပါဆိုဒ်များကိုသွားကြည့်ပါ...

ပုံလှလှလေးတွေပြင်ဘို့ ဆိုဒ်လေးတွေပါသွားကြည့် လိုက်နော့ 
1. BeFunky
2.FunPhotoBox
3.PhotoFunia
4.Photo 505
5.Cameroid
6.Loonapix
7.Photofunia
8.Dumpr
9.WriteOnIt
10.MagMyPic
11.Hollywood Hair Virtual Makeover
12.Hairmixer
13.BigHugeLabs Flickr
14.FaceInHole
15.Personalized money
16.Fake Magazine Cover
17.My Heritage Face
Recognition
18.Poladroid – The easiest and funiest polaroid maker
19.FotoTrix – Image Generator
20. Picnik
21. JpgFun
22.Dynamic Einstein picture
23. Photovisi
24. PixiSnap
25. Fotocrib
26.Create Your Own Wired Cover
27. Pizap
28.Blingee
29. Imagic Photo Enhance
30. makesweet

မိမိ Bloack ထားသောသူအား သူ့ Gtalk တွင် မမြင်ရအောင် Delete လုပ်နည်း.........

Gtalk ကနေ မိမိနှင့် အဆင်မပြေသူကို မိမိဘက်က Block သို့ Remove လုပ်လိုက်ရင် မိမိဘက်ကသာ သူ့ကိုမမြင်ရတော့ပေမယ့် မိမိ Block သို့ Remove လုပ်လိုက်တဲ့သူရဲ့ Gtalk မှာတော့ မိမိနာမည်ရှိနေသေးတဲ့အတွက် သူ့ဘက် Chat လို့ရပါသေးတယ်။ ကိုယ့်ဘက်က Block လိုက်တယ်ဆိုပေမယ့် သူ့ရဲ့ Gtalk List မှာ ရှိနေဦးမှာပါ.။ အဲ့ဒီလိုမျိုးတွေ မဖြစ်ရအောင် အပြီးအပိုင် သံယောဇဉ်ဖြတ်မယ်ဆိုရင်တော့ ဒီနည်းလေးအတိုင်းပြုလုပ်လို့ရပါတယ်။

 ပထမဦးဆုံး Gmail ကို ဖွင့်ပါး။ ပြီးရင် Contacts ကို ရှာပြီး Click နှိပ်လိုက်ပါ။ အဲ့ဒီအခါ Contacts Box ကျလာရင် မိမိ Delete လုပ်ချင်သော Account ကို ရွေးပြီး အမှန်ခြစ်ကာ Delete contact ကို click နှိပ်လိုက်ပါ။ တကယ်ဖျက်မှာလားလို့မေးတဲ့ Box ကျလာရင် OK ကို နှိပ်လိုက်ပါ။ ဒါဆို မိမိမဆက်သွယ်လိုသူကို အပြီးအပိုင် သံယောဇဉ်ဖြတ်လိုက်လို့ရသွားပါပြီ။ သူ့ရဲ့ Gtalk မှာလည်း မိမိအမည် မရှိတော့သလို သူ့ Gtalk မှာလည်း ကိုယ့်အမည် ကျန်ရှိတော့မည် မဟုတ်တော့ပါ။

Gmail အဟောင်းမှသူငယ်ချင်းအားလုံးgmail အသစ်သို့ပြောင်းထညိ့နည်း..........

Gmail အဟောင်းကိုဖွင့်ပြီး mail အောက်ဘက်မှာရှိသော older contact manager တွင်နှိပ်ပါ All contact ကိုရွေးပါပြီးလျှင် ညာဘက်အပေါ်မှ Export တွင်နှိပ်ပါ

Save file တခုကျလာလျှင် save ပေးပြီး OK နှိပ်ပါ
Download ပြည့်လျှင် Gmail အသစ်ဖွင့်ပြီး older contact manager တွင်နှိပ်ပါ ညာဘက်အပေါ်မှာ Import တွင်နှိပ်ပါ ပြီးလျှင် Browse တွင်နှိပ်ပြီး စောစောmail အဟောင်းမှဒေါင်ထားသော file ကိုရွေးပေးပြီး
အောက်ဘက်မှ Import တွင်နှိပ်ပါ၊ mail အဟောင်းမှသူငယ်ချင်းအားလုံး mail အသစ်တွင်ရောက်သွားမည်၊

Gmail အားလုံး တစ်ပြိုင်တည်း စစ်ပြီး Special ဂျီပုန်းလုပ်ကြရအောင်..........

များသောအားဖြင့် Browser တစ်ခုမှာ mail တစ်ခုပဲ ဖွင့်လို့ ရတယ်လို့ ပဲ သိထားကြပါတယ် ။
 အဲ့ဒါကြောင့် gmail အကောင့် နှစ်ခု သုံးခု ရှိတဲ့ သူတွေ အတွက် mail စစ်ရတာ ဘယ်လိုမှ အဆင်မပြေနိုင်တော့ပါဘူး ။
တစ်ပြိုင်တည်း စစ်ချင်တယ်ဆိုရင်တော့ မတူညီတဲ့ browser တွေကို အသုံးပြုရပါတယ် ။
(mozilla , IE , Chrome) အစရှိသဖြင့်ပေါ့ ။ အဲ့ဒါဆို ကွန်နက်ရှင် အခြေအနေနဲ့ ဘာနဲ့  ညာနဲ့  အဆင်မပြေမှုတွေ အရမ်းများပါတယ် ။
 ပြီးတော့ invisible နဲ့ ဂျီပုန်းလုပ်ပြီး ပတ်ပြေးနေတဲ့ သူတွေ အတွက်လည်း အဆင်ပြေမှာမဟုတ်ပါဘူး ။
ဒါပေမဲ့ ခုနောက်ထပ် Gmail မှာ feature တစ်ခုအနေနဲ့  Use multiple Google Accounts in the same web browser. ဆိုပြီး ထပ်ပေါင်းထည့်ပေးထားပါတယ် ။
လုပ်ဆောင်ရမှာကလည်း လွယ်မှလွယ်။ အရင်ဆုံး password ချိန်းမဲ့ အဆင့်တွေ အတိုင်း အရင် သွားလိုက်ပေါ့ ။ Mail ထဲမှာ ။
(အဲ .. အဲ့ဒါက တစ်ခါတည်း လုပ်ပေးထားရုံနဲ့  တစ်သက်လုံး သုံးလို့ ရတယ်နော်... ။ )

Mail -->>Settings-->>Account and Imports-->>Google account settings အဲ့အဆင့်တွေ အတိုင်း သွားပြီးပြီ ဆိုရင်တော့
 Personal Settings ဆိုတဲ့ နေရာလေးမှာ အောက်ပါ ပုံလေးအတိုင်း ထပ်ပေါင်းထည့်ပေးထားတဲ့ feature လေးကို မြင်ရမှာ ဖြစ်ပါတယ် ။
 (မျက်စိပဲ ရှမ်းတာလား ဘာလားတော့မသိဘူး အရင်က မမြင်မိတာတော့ သေချာတယ်)

အဲ့မှာ edit ကို နှိပ်ပေါ့ .. နှိပ်လိုက်တာနဲ့  လောလောဆယ်တော့ off ဆိုတာကို ရွေးထားလိမ့်မယ် ။
 အဲ့မှာ အပေါ် က On ဆိုတာလေးကို ရွေး ၊ Check Box 4 ခုလုံးကို အမှန်ခြစ်ထည့်ပုံမှာ ပြထားတဲ့ အတိုင်းပေါ့ ။
 ပြီးရင်တော့ Save ကို နှိပ်လိုက်ပါ ။ အဲ့ဒါဆိုရင်တော့ လုပ်ဆောင်ချက်တွေ အားလုံး ပြီးသွားပါပြီ ။
 mail ကို ပြန်သွားပြီး Refresh(F5) တစ်ချက် နှိပ်ပေးလိုက်ပါ ။ အဲ့ဒါဆိုရင်တော့ အပေါ်ထောင့်က မိမိ account name ရဲ့ ဘေးနားမှာ ဒီလိုလေး ပေါ်လာပါပြီ ။

အဲ့မှာ sign in to another account ကို နှိပ်လိုက်တာနဲ့  (mozilla ပဲ သုံးတယ် ဆိုကြပါစို့ )browser ရဲ့  tab နောက်တစ်ခုမှာ sign in page လေး ကျလာပါလိမ့်မယ် ။
အဲ့ဒါဆိုရင်တော့ Browser တစ်ခုထဲမှာပဲ မိမိရဲ့  gmail account ရှိသလောက်ကို တစ်ပြိုင်တည်း ဖွင့်လို့ ရနိုင်ပါပြီ ။
တကယ်လို့ နောက်ထပ် ဖွင့်လိုက်တဲ့ အကောင့်က မပေါ်ပဲ အရင်အကောင့်ပဲ ပေါ်နေတယ်ဆိုရင် ခုနက အကောင့်ဘေးနားရဲ့ မြှားလေးမှာ မိမိ ဖွင့်ထားရင်
် ဖွင့်ထားသလောက် အကောင့် နာမည်တွေ ပေါ်နေပါလိမ့်မယ် ။
အဲ့ဒါလေးတွေကို ရွေးပေးလိုက်ရုံနဲ့  browser တစ်ခုထဲမှာ အဆင်ပြေပြေနဲ့  mail တွေ အကုန်လုံး စစ်လို့ ရနိုင်ပြီး အကောင့်တွေ အားလုံးကိုလည်း
တစ်ပြိုင်တည်း invisible (ဂျီပုန်း) လုပ်နိုင်ပြီ ဖြစ်ပါတယ် ။
(ဒါပေမဲ့ အဲ့နေရာမှာ တစ်ခုတော့ အဆင်မပြေတာ ရှိပါတယ် .. multiple ၀င်ထားတဲ့ mail အကောင့် တစ်ခုခု sign out လုပ်လိုက်တာနဲ့ 
mail အကုန်လုံး လိုက်ပြီး sign out ဖြစ်ကုန်ပါလိမ့်မယ် ။ ဒါပေမဲ့ အဲ့ဒါလောက်နဲ့ တော့ အဆင်မပြေဘူးလို့မမြင်မိပါဘူး) ။
မိမိ အသုံးအများဆုံး ဖြစ်တဲ့ mail တစ်ခုတည်းရဲ့  multiple sessions တစ်ခုတည်းကို on ပေးထားရုံနဲ့ mail အကုန်လုံး သုံးလို့ ရနိုင်မှာ ဖြစ်ပြီး ၊
 အဲ့ on ထားတဲ့ mail account က default , primary mail အဖြစ်ရှိနေမှာ ဖြစ်ပါတယ် ။
 (ဆိုလိုတာက mail အကောင့် ရှိသလောက် လိုက်လုပ်နေစရာမလိုပဲ တစ်ခု လုပ်ထားရုံနဲ့ ရတယ်လို့ ပြောတာပါ။
လုပ်ထားတဲ့အကောင့်ကို အရင်ဖွင့်ဖို့ တော့ လိုတာပေါ့နော် ) ။ တစ်ခု တည်း on ပေးထားရုံနဲ့  ဘယ်နေရာ ဘယ်ဌာန ရောက်ရောက် ကို တစ်သက်လုံး သုံးလို့ ရနိုင်ပါပြီ ။

ကဲ အခုပဲ try ကြည့်လိုက်ပါတော့။